ငါန်းဇွန် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့ အမှတ်(၁)ရက်ကွက် မြသိန်းတန်ကျောင်းတိုက်ရှိ ရွှေများနှင့် နံရံဆေးရေး ပန်းချီးများရှိသော နှစ်ရာကျော်ရှိသည့် အာရုံခံကျောင်းတိုက်အား ရှေးမူပျက် ထိန်းသိမ်ပြုပြင်ပေးရန် လိုလားနေကြောင်း ဒေသခံများထံမှ သိရသည်။

 

80

 

"ကျွန်တော်ရပ်ကွက်မှာ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းရှိပြီး ကျောင်းတိုက်တချို့မှာ သင့်တင့်သလောက် ရွှေတွေရှိတဲ့ ကျောင်းတွေ ရှိပါတယ်။ ကျောင်းတိုင်းမှာ သင့်တင့်လျောက်ပတ်ရှိပြီး မြသိန်းတန်ကျောင်းတိုက်ထဲမှာ ကျောင်းသစ် အရှေ့တိုက်၊ အနောက်တိုက်ဆိုတာရှိပြီး အဲ့ဒီထဲက ကျောင်းသစ်အရှေ့တိုက်မှာ ရွှေတွေချထားတာရှိပြီး အာရုံခံ ကျောင်းတိုက်မှာ လက်ရှိပျက်စီးယိုယွင်းနေလို့ ရှေးမူမပျက် ပြုပြင်ပေးစေချင်ပါတယ်"ဟု ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ပြောသည်။

 

79

 

မြသိန်းတန်ကျောက်တိုက်ရှိ အာရုံခံကျောင်းတိုက်မှာ လွန်ခဲ့သော နှစ်တစ်ရာကျော်ကရှိခဲ့ပြီး မြသိန်းတန်ကျောင်းတိုက် အတွင်း ရွှေအစစ်များနှင့် တချို့ပျက်လုနီးပါဖြစ်နေသော ရှေးဟောင်း နံရံဆေးရေးပန်းချီများ ရှိနေကောင်း၊ ရှေးယခင်က အာရုံခံကျောင်းတိုက်အတွင်း ပုတီးစိတ်ခြင်း၊ သီလယူခြင်းများ ဆောင်ရွက်လေ့ရှိခဲ့ပြီး အရေးအခင်း မတိုင်ခင်က မသမာသူအချို့မှာ ကျောင်းတိုက်အတွင်းရှိ ရွှေများအား ပွတ်တိုက်ခွာယူမှုတွေ ရှိခဲ့တယ်လို့လည်း ဒေသခံ ဦးမောင်ဆန်းကိုက ပြောသည်။ 

 

71

 

"ဒီကျောင်းတိုက်ထဲက ရွှေအစစ်တွေပါ။ အရင်းတုန်းက သမဝါယမက ဆန်တွေထားခဲ့တယ်။ အတော်လေး ပျက်ဆီးနေပါပြီ။ အပေါ်ကလည်း ပျက်ဆီးနေပြီး ရွှေတွေကလည်း တဖြည်းဖြည်း ကွာကျနေတယ်။ တာဝန်ရှိသူတွေက ရှေးဟောင်း အမွေအနှစ်တွေ ပြုပြင်ထိန်းသိမ်းစေချင်ပါတယ်။ အပေါ်ကလည်း မိုးတွေယိုနေလို့ ဦးဇင်းလည်း တတ်နိုင်သလောက် ဆောင်ရွက်နေပေမယ့် ကြာရင် ပြိုပျက်သွားနိုင်ပါတယ်။ ဘေးနံရံအုတ်တွေကလည်း ကွာကျနေတာလေ။ တာဝန်ရှိသူတွေ လာရောက်ပြင်ပေးရင်တော့ ရှေးဟောင်ပစ္စည်းတွေ ထိန်းသိမ်းရာကျတာပေါ့။ ဦးဇင်းကလည်း အဲလိုပဲ ဖြစ်စေချင်တယ်။ ဟိုအရင် ဦးဇင်းတို့ မရောက်သေးခင်က ရွှေတွေအပြည့်လို့ သိရတယ်"ဟု အာရုံခံကျောင်းတိုက်အတွင်း သီတင်းသုံး စောင့်ရှောက်နေသည့် ဦးဇင်းကြီးမှ မိန့်ကြားသည်။

မြသိန်းတန်ကျောင်းတိုက်ကြီးအား ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ် မင်းတုန်းမင်းကြီးလက်ထပ်တွင်  စတင် တည်ထားကိုးကွယ်ခဲ့ပြီး ကိုလိုနီခေတ်တွင် တစ်ကြိမ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်တွင် တစ်ကြိမ် ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြောင်း မြသိန်းတန်ကျောင်းတိုက်ရှိ ကဗ္ဗည်းမော်ကွန်း ကျောက်စာများအရ သိရသည်။

ယခုအချိန်တွင် မြသိန်းတန်ကျောင်းတိုက်ရှိ အာရုံခံကျောင်းတိုက်အတွင်းရှိ ရွှေအစစ်များမှာ ကွာကျမှုများ ရှိနေခြင်း၊ အချို့ ရှေးဟောင်းနံရံဆေးပန်းချီများ ပျက်လုနီးပါးရှိနေပြီး ရွှေအစစ်များရှိနေခြင်း၊ ရှေးဟောင်းအမွှေအနှစ် ပန်းချီလက်ရာများ ရှိနေခြင်းတို့ကြောင့် မသမာသူများရန်မှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် ရှေးဟောင်း အမွေအနှစ်များ မပျောက်ပျက်စေရန် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းပေးဖို့ ဒေသခံများ လိုလားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘိုဘို(မလှိုင်)