နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

 

Naypyitaw State Academy တွင် ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ရိုးရာအစဉ်အလာများကို သိရှိနားလည် သဘောပေါက်၍ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေလိုသော ရည်ရွယ်ချက်များဖြင့် တတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျင်းပသည်။

 

အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ဘာသာရပ်နှင့် ဌာနကိုယ်စားပြု အသင်း(၁၃)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော စီမံ/ဘဏ္ဍာအသင်း၊ ဒုတိယဆုရရှိသော ပထဝီ၊ သမိုင်း၊ လူမှုရေးပညာ၊ အားကစားပညာအသင်းတို့ကို ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က လည်းကောင်း၊ တတိယဆုရရှိသော နိုင်ငံတကာဆက်ဆံရေးပညာ အသင်းနှင့် နှစ်သိမ့်ဆု(၁)ရရှိသော ဓာတုဗေဒ အသင်းတို့ကို ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်ကလည်းကောင်း၊  နှစ်သိမ့်ဆု (၂)ရရှိသော စီမံခန့်ခွဲမှုပညာနှင့် စာရင်းအင်းပညာအသင်း၊ နှစ်သိမ့်ဆု (၃)ရရှိသော ဆေးပညာနှင့် ဒဿနိကဗေဒ အသင်းတို့ကို စာပေနှင့် အနုပညာအသင်းဥက္ကဌ ဒေါက်တာဇော်ဝင်းကလည်းကောင်း ဆုများ ချီးမြှင့်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

ထမနဲပြိုင်ပွဲသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ သင်တန်း ရေးရာနှင့် စီမံရေးရာဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်အားပေးခဲ့ကြသည်။

(သတင်းစဉ်)