မယ်စဲ့ ၁၉ မတ်
ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ပြည်သူများလက်ဝယ်သို့ တတိယအကြိမ် မြေငှားဂရန် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘောလခဲခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မယ်စဲ့မြို့၊ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်အတွင်းရှိ မြေငှားဂရန် လျှောက်ထားသည့် အမှုတွဲ (၅၃)တွဲကို မြေပြင်တွင် မြေယာအရှုပ်အရှင်း ရှိ မရှိနှင့် သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ခဲ့ပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို တတိယအကြိမ်အဖြစ် မြို့မြေငှားဂရန်များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


