မြဝတီမြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ ယနေ့ မြန်မာလုပ်သား ၄၄ ဦး ဆက်လက်ဝင်ရောက်

မြဝတီ ၁၀ မေ

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြဝတီမြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားမှ မေ ၁ ရက်ကစ၍ ပြန်လည်လက်ခံခဲ့ရာ ယနေ့တွင် ၄၄ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်က ၆၀ ဦး၊ မေ ၂ ရက်က ၅၄ ဦး၊ မေ ၃ ရက်က ၁ ဦး၊ မေ ၄ ရက်က ၄၄ ဦး၊ မေ ၅ ရက်က ၂၃ ဦး၊ မေ ၆ ရက်နှင့် မေ ၇ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ  ၈ ရက်က ၁၀၀ ဦး၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ယနေ့တွင် ၄၄ ဦး ပြန်လည်ဝင်ရောက်ခဲ့ရာ စုစုပေါင်း ၃၂၆ ဦး ပြန်လည်ဝင်ရောက်ပြီးဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကယားပြည်နယ်မှ ၁ ဦး၊ ကရင်ပြည်နယ်မှ ၁ ဦး၊ မွန်ပြည်နယ်မှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၅ ဦး စုစုပေါင်း ၄၄ ဦးဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)