မြဝတီ ဇူလိုင် ၇
မြဝတီမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ပွဲကို ယမန်နေ့က အမှတ်(၄) ရပ်ကွက် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးမှုအခြေအနေများကို ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မရှိသေးသောအသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၅၇ ဦးတို့အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


