မုံရွာ ဇူလိုင် ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ရှစ်တန်းသွား လက်ဆွဲ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄)စက်မှုလယ်ယာစခန်း မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာ တောင်သူ ဦးထွန်းမော်၏ လယ်မြေ နှစ်ဧကအတွင်း ကျင်းပသည်။
ဦးစွာ တာဝန်ရှိသူများက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနည်း သရုပ်ပြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ဇော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က မျိုးစေ့ချကိရိယာ အသုံးပြုခြင်း၏ အားသာချက်၊ အားနည်းချက်များကို တောင်သူများနှင့် ဆွေးနွေးခဲ့ကာ စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဇေယျာမင်းထက်က မျိုးစေ့ချကိရိယာ အသုံးပြုနည်းစနစ်များကို ပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တောင်သူများအား စပါးမျိုးစေ့ချကိရိယာ တစ်လက်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း


