မုံရွာခရိုင်အတွင်း ယခုနှစ် မိုးစပါးစိုက်ရာသီတွင် စနစ်ကျလယ်ယာဧက (၇၀ဝ)စိုက်ပျိုးလျက်ရှိ

မုံရွာ  ၂၆  သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ အရာတော်၊ ဘုတလင်နှင့် ချောင်းဦးမြို့နယ်များတွင် ယခုနှစ် မိုးစပါးစိုက်ရာသီတွင် စနစ်ကျ လယ်ယာဧက (၇၀ဝ) စိုက်ပျိုးလျက်ရှိကြောင်း မုံရွာခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။


စနစ်ကျ လယ်ယာစိုက်ပျိုးခြင်းဖြင့် လယ်ယာသုံး စက်ကိရိယာများကို စွမ်းအားပြည့် အသုံးပြုနိုင်ခြင်း၊ ရေသွင်း ရေထုတ်မြောင်းများ ပါရှိသဖြင့် စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်း၊ ကုန်ထုတ်လမ်းများ ပါဝင်သဖြင့် အချိန်မီ ရိတ်သိမ်းနိုင်ခြင်းနှင့် အမိုးအကာအောက် အချိန်မီသယ်ပို့နိုင်ခြင်း၊ စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။


စနစ်ကျ လယ်ယာဖော်ထုတ် စိုက်ပျိုးမှုအနေဖြင့် မုံရွာခရိုင်၊ အရာတော်မြို့နယ် အတွင်းရှိ ငါးရဟိုးကျေးရွာအုပ်စုတွင် ဧက(၁၀ဝ)နှင့် မန်ကျည်းစောက် ကျေးရွာအုပ်စုတွင် ဧက(၁၀ဝ)လည်းကောင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ ကျေးရွာအုပ်စုတွင် ဧက(၁၀ဝ)နှင့် ရွှေလှေကျေးရွာအုပ်စုတွင် ဧက(၃၀ဝ)လည်းကောင်း၊ ဘုတလင်မြို့နယ် ဆည်ဝကျေးရွာအုပ်စုတွင် ဧက(၁၀ဝ)တို့ကိုလည်းကောင်း ဖော်ထုတ်ခဲ့ပြီး ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးချိန်တွင် မိုးစပါးများ စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)