ပုလဲ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦး၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ (၁) ဦးလင်းလင်းထွန်းကျော်တို့နှင့်အတူ ဇွန် ၂၃ ရက် မွန်းလွဲ ၂ နာရီတွင် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်း မိုင်တိုင် ၃၃/ ၄ နှင့် ၃၄/၇ အကြားရှိ လမ်းပိုင်း ၅ ဖာလုံအား မူလလမ်း အကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၇၆ ဒသမ ၄ သန်းဖြင့် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


