မုဒုံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန်လာဥဖြူစိုက် တောင်သူများ အပိုဝင်ငွေရရှိ

မုဒုံ   အောက်တိုဘာ   ၁၈

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသများနှင့် မြို့အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်တွင် မုန်လာဥဖြူစိုက် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေကြောင်း သိရသည်။

 

မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ် ကိုင်စိုက်ပျိုးကြပြီး မိသားစုအတွက် စာသုံးနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးသူ အများအပြားရှိသည်။

 

မုဒုံမြို့နယ်မှ မုန်လာဥစိုက်ပျိုးတောင်သူတစ်ဦးက “မုန်လာဥမျိုးစေ့ချပြီး ရက် ၃၀ ခန့်ကြာပြီးနောက် နုတ်သိမ်း နိုင်ကြောင်း၊  အရင်းအနှီးနည်းနည်းနဲ့ မြန်မြန်နုတ်သိမ်းနိုင်ပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် စိုက်ပျိုးရခြင်းဖြစ်ကြောင်း အသီးအရွယ်အစားအလိုက် (၄)လုံးတစ်စည်း ၅၀၀ ကျပ်၊ တစ်ပိသာ ၁၀၀၀ ကျပ် ရရှိကြောင်းပြောကြားသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)