မုဒုံမြို့နယ် အခွန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ‌ ကွင်းဆင်းဆောင်ရွက်ပေး

မုဒုံ ဒီဇင်ဘာ ၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အခွန်ကျေးရွာနေ ပြည်သူများအတွက်   ဥပဒေအရ  ကိုင်ဆောင် သင့်သည့်  လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် ဒီဇင်ဘာ ၈ ရက်နေ့က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌   နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး အောင်မော်က ဦးဆောင်ကြီးကြပ်၍  ဝန်ထမ်းများက အခွန်ကျေးရွာအတွင်းရှိ နိုင် ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူ ပြည်သူ (၄၂)ဦးနှင့်  အိမ်ထောင်စု လူဦးရေစာရင်း (၃၁) ခုစိစစ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ ခုနှစ်၊  မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်လျက်ရှိရာ မုဒုံမြို့နယ်အတွင်း  ယနေ့အချိန်အထိ လူဦး ရေ (၅၉၀၀)ကျော်ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)