လှိုင်သာယာ ၂၉ စက်တင်ဘာ

မသန်စွမ်းသူများ အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းအကောင်အထည်ဖော် လုပ်ငန်းစဉ်များအား တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ကျင်းပခဲ့ကြသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီသည် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများက အပြန်အလှန် ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အခမ်းအနားသို့ လှိုင်သာယာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဉီးဝင်းမင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ လူမှုဝန်ထမ်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မသန်စွမ်းသူများ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

MDN