မရမ်းကုန်းမြို့နယ်မှ  ကိုဗစ်-၁၉‌ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦးတွေ့ရှိ

ရန်ကုန်  ၉ မေ

 

(၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီထုတ်ပြန်ချက်

 

၁။ (၉-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ပထမအသုတ် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၅) ခု၊ စုစုပေါင်း (၂၇၃)ခုတွင် -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိရပါသည်။

 

mdn

 

၂။ သို့ဖြစ်ရာ (၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၈) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case- 143) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၄၆) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၆) ဦး ရှိပါသည်။

 

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန