မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် အမရပူရမြို့နယ်တရားရုံးသို့ ရှောင်တခင်ကြည့်ရှုစစ်ဆေး

မန္တလေး၊   ၇   ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြည်သိန်းသည် တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်သင်းဝေနှင့်အတူ ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက မန္တလေးခရိုင် အမရပူရမြို့နယ် တရားရုံးသို့ ရှောင်တခင် သွားရောက်ကာကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတို့သည် တရားခွင်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများနှင့် တရားရုံးသို့ လာရောက်ကြသူများ Covid-19 ရောဂါကူး စက်မှုမခံရစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန် ပြောကြားခဲ့သည်။

 

ထို့နောက် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးတို့သည် တရားရုံးအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး တရားသူကြီးများနှင့် တွေ့ဆုံကာ တရားစီရင်ရေးလုပ်ငန်းဆိုင်ရာများ၊ သက်သေခံပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)