မန္တလေးမြို့၏ သစ်ပင်ဒါယိကာကြီး ဦးငွေအထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

မန္တလေး ၂၃ သြဂုတ်

မန္တလေးမြို့တွင် သစ်ပင်ဒါယိကာကြီး ဦးငွေအထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ယနေ့မှာ စက်ဘီး၊ ဆိုက္ကားများဖြင့် ဈေးချိုတော် နာရီစင်မှ ရတနာပုံတက္ကသိုလ်သို့ သွားရောက်ခဲ့သည်။    

သစ်ပင်ဒါယိကာကြီး ဦးငွေအထိမ်းအမှတ် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ရတနာပုံတက္ကသိုလ်တွင်း စိုက်ပျိုးမည်ဖြစ်ပြီး မန္တလေးမြို့က လူမှုရေးအဖွဲ့အစည်းများ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ စုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

mdn

 

“ ဦးငွေအထိမ်းအမှတ်အနေနဲ့ နှစ်စဉ်စိုက်ပါတယ်။  အများပြည်သူနေရာတွေကို ရွေးချယ်ပြီးစိုက်ပါတယ်။ သစ်ပင်စိုက်တဲ့နေရာမှာ သစ်ပင်စိုက်တဲ့နေရာမှာ ကာဗွန်လျော့ချရေးအတွက် စက်ဘီး ၊ ဆိုက္ကားတွေကိုပဲ အသုံးပြုတယ်”ဟု  ဦးအထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ ဦးဆောင်ကျင်းပသူ ဆရာနောင်ရူပက ပြောသည်။

သစ်ပင်ဒါယိကာကြီး ဦးငွေအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတွင် မကျည်း ၊ ကုက္ကိုလ်၊ မယ်ဇယ်၊ တယ်၊ စိန်ပန်း၊ ဗာဒံ စသည့်သစ်ပင်ပေါင်း ၆၀ဝ ခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးငွေသည် မန္တလေးမြို့တွင် ဆိုက္ကားတစ်စီးဖြင့် သစ်ပင်များကို မြို့အနှံ့လိုက်လံစိုက်ပျိုးခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြောင့် အိုးအိမ်တွေ မီးလောင်ပြာကျသွားခဲ့သည့် မန္တလေးမြို့တွင် နားခိုစရာသစ်ပင်ရိပ်မရှိ ဖြစ်ခဲ့သည်။ ထို့ကြောင့် သစ်ပင်ဒါယိကာကြီး ဦးငွေက ဆိုက်က္ကားဖြင့် သစ်ပင်စတင်စိုက်ပျိုးခဲ့သည်ဟု မှတ်သားရသည်။

မန္တလေးမြို့တွင် သစ်ပင်ပေါင်း ထောင်ချီစိုက်ပျိုးခဲ့သည့် ဦးငွေသည် ၁၉၉၀ ပြည့်နှစ် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

အိမို့မို့ခိုင်