မန္တလေး ၂၈ စက်တင်ဘာ    

မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်း၏ ၂၀၁၈-၂၀၁၉ ခုနှစ် တတိယအကြိမ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကျင်းပကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ချမ်းအေးသာစံမြို့နယ် အကွက်(၃၁၅)၊ ဒေးဝန်းအနောက်၊ကြေးနန်းဝင်းရပ်ရှိ မြတ်တော်ဝင်ခြံ၌ ကျင်းပသည်။

 

ေ

 

အခမ်းအနားတွင် မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်အသင်း ဥက္ကဌ ဦးဝင်းမောင်၊ ရေကြောင်းကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး ဦးအောင်ဇော်မိုးနှင့် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ရုံးများ ဌာနခွဲ) လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းတို့က အဖွင့်အမှာစကားပြောကြားပြီး မန္တလေး ရေယာဉ် ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးသက်ညိုဝင်းအောင်မှ ဆောင်ရွက်ပြီးလုပ်ငန်းများ၊ အသင်းဖွဲ့စည်းမျဉ်းပြင်ဆင်ခြင်း၊ ရှေ့လုပ်ငန်းများနှင့် လစ်လပ်သွားသော အမှုဆောင်များ ပြန်လည်ရွေးခြယ်ခြင်းများကို ဖတ်ကြားကာ ဘဏ္ဍာရေးမှူး ဦးညွှန့်ဝေထွန်းက ၂၀၁၇-၂၀၁၈နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၂)နှစ်တာကာလအတွက် ဘာရေး ရှင်းတမ်းအားဖတ်ကြား၍ ဒုဥက္ကဌ ဦးမြအောင်က နှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက မေးမြန်းလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကူးကြသည်။

 

ေ

 

အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ အသင်းဝင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

တင်ဇာလှိုင် (ပြန်/ဆက်)