နေပြည်တော် ၁၀ အောက်တိုဘာ

 

မြန်မာသမိုင်းအဖွဲ့လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီတွင် ရန်ကင်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ပညာဆောင်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက မြန်မာသမိုင်းအဖွဲ့အနေဖြင့် ယခင်ဘဏ္ဍာရေးနှစ်တွင် သုတေသနလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာသမိုင်း သုတေသနစာစောင် ထုတ်ဝေခြင်းနှင့် Talk Show များကိုလည်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာ့သမိုင်းနှင့်ပတ်သက်ပြီး အဓိကကျသည့် ပုဂ္ဂိုလ်များကို ဦးစားပေးမေးမြန်း မှတ်တမ်းယူရန်နှင့် မြန်မာ့သမိုင်းပညာရှင်ကြီးများမှ သမိုင်းသုတေသနလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကဌာန၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်များက ခေတ်အသီးသီးနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးအကြံပြုကြသည်။ 

 

သတင်းစဉ်

 

1