ရန်ကုန် ၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား မြန်မာ့ရိုးရာခြင်းလုံး ရပ်ကွက်ပေါင်းစုံ (၄)ပေါက်တန်းဝိုင်းဖွဲ့ အမှတ်ခတ်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းတင့်နှင့် ဦးလှဋ္ဌေးတို့က အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သိမ်းစိုး (ပြန်/ဆက်)


