ရန်ကုန်      ဇွန်     ၂၈

၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၆)ကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း ဇယားထိပ်ဆုံးတွင်  ဆက်လက်ဦးဆောင်လျက်ရှိသည်။

ပွဲစဉ် (၆)တွင်   ရန်ကုန်ယူနိုက်တက်အသင်းက  ရန်ကုန်စီးတီးအသင်းကို   ငါးဂိုး-ဂိုးမရှိ၊  သစ္စာ အားမာန်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Falcon  အသင်းက Galaxy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊  ရှမ်းယူနိုက်တက်အသင်းက မြဝတီအသင်းကို တစ်ဂိုး- ဂိုးမရှိ၊   ဧရာဝတီယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို  နှစ်ဂိုး-ဂိုးမရှိ၊ အား/ကာ သိပ္ပံအသင်းက  Chinland အသင်းကို  သုံးဂိုး-နှစ်ဂိုး၊  ဒဂုံစတားယူနိုက်တက်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဆက်လက်ဦးဆောင်နေသလို  ရှမ်းယူနိုက်တက်အသင်းကလည်း  နှစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနေသည်။

ပွဲစဉ်(၆)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက  ၁၆ မှတ်၊   ရှမ်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၃ မှတ်၊ Falcon အသင်းနှင့် သစ္စာအားမာန်အသင်းတို့က ၁၁ မှတ်စီ၊ ရတနာပုံအသင်းက ၁၀ မှတ်၊  Galaxy အသင်းက ကိုးမှတ်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်နှင့်  ဧရာဝတီယူနိုက်တက်အသင်းတို့က  ခုနစ်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက  ခြောက်မှတ်၊ ရန်ကုန်စီးတီးအသင်းက လေးမှတ်၊ မြဝတီအသင်းက သုံးမှတ်၊ Chinland အသင်းက  တစ်မှတ်ရရှိထားသည်။

သတင်း - ရှိုင်းထက်ဇော်

 ဓာတ်ပုံ - MNL