မင်းတုန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့မှ မွန်ပြည်နယ် ရေးဘေးအတွက် ကျပ်သိန်းတစ်ရာ သွားရောက် လှူဒါန်း

မင်းတုန်း  ၂၃  သြဂုတ်


သရက်ခရိုင်၊ မင်းတုန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့မှ မြို့နယ်အတွင်း အလှူခံရရှိသော အလှူငွေကျပ် သိန်းတစ်ရာအား မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သွားရောက်ပြီး ယမန်နေ့နံနက် ၁၀ နာရီတွင် ဦးဝင်းရွှေ ဦးဆောင်သော ပရဟိတအဖွဲ့မှပြည်နယ် သဘာဝဘေးကွပ်ကဲရေးရုံးတွင် အလှုငွေများ လှူဒါန်းရာ ဦးကျော်ဇင်ဦး၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ)မှ လက်ခံရယူပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


အဆိုပါ အလှူငွေကျပ် သိန်းတစ်ရာဖြင့် ရေဘေးသင့်ခံရသော ကျိုက်မရောမြို့နယ်ရှိ မယ်ဂရိုမူလတန်းကျောင်းအတွက် စာသင်ခုံများ ဝယ်ယူရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)