မင်းပြားမြို့နယ် သဲတန်းကျေးရွာတွင် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်

မင်းပြား   ၁၇  ဇွန်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများမှ သဲတန်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ပြီး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြောရာ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မသောင်းရွှေက ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးအစ ဆေးလိပ်က၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲနှင့် ဆေးရောင်ချယ် ပြိုင်ပွဲများအား ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများအား သဲတန်းအခြေခံပညာ မူလတန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူကလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)

mdn