မင်းကင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၅ မတ်

 

ယနေ့ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၁၈)မိနစ်၊ (၀၇) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ အရှေ့တောင်ဘက်(၁၀)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၁)ဒီဂရီ၊ အနက်(၃၉)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN

Ref. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန