မင်္ဂလာဒုံမြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်   ဒီဇင်ဘာ   ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊မ င်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒုတယလဝကမှူး ဒေါ်ဝါဝါရဲလွင် ဦးဆောင်သည့် ဝန်ထမ်းများက ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်များကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အသက် ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ကိုးဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ငါးဦး၊ အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၂ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်သူ ခြောက်ဦး၊ မိတ္တူ နှစ်ဦး စုစုပေါင်း ၂၂ ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)