မြန်အောင် ၁၉ မတ်
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် စည်ပင်သာရေးအဖွဲ့ပိုင် နေခြည်ဈေး (၅) ရက်ပိတ်မည်ဆိုသည့် သတင်းသည် မဟုတ်မမှန်ဘဲ ကောလာဟလ သတင်းဖြစ်ကြောင်း ယနေ့နံနက်က မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးတင်ဦး ဦးဆောင်၍ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ ဈေးအတွင်း လိုက်လံကြေငြာခြင်း၊ ဆိုင်းဘုတ်ချိတ် ကြေငြာခြင်းတို့ဆောင်ရွက်ကြပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအသိ ပညာပေး ဗီနိုင်းများ ဈေးအတွင်း လိုက်လံချိတ်ဆွဲခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်


