မွမ်ဘိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိလာ

၁၉ မေ

 

မွမ်ဘိုင်းမြို့သည် တနင်္လာနေ့တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၁၈၅ ရှိသဖြင့် ကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိလာသည့် အိန္ဒိယနိုင်ငံ၏ ပထမဆုံးသောမြို့ ဖြစ်လာသည်။

 

မြို့တော်အုပ်ချုပ်ရေး အာဏာပိုင်၏ တရားဝင်ထုတ်ပြန်ချက်အရ မွမ်ဘိုင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၁၁၅၂ ဦး ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၅၇၁ ဦး ရှိခဲ့ပြီး ဒုတိယမြောက်နေ့ဖြစ်သည့် တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံ ၏ ဘဏ္ဍာရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိကြောင်း ဘရင်ဟန်မွမ်ဘိုင်း အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

ထိုမြို့တော်တွင် တနင်္လာနေ့က ကိုဗစ်-၁၉ ကြောင့် ၂၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၇၅၇ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို