မလေးရှားနိုင်ငံ၌ ယမန်နှစ်တွင် ရေကြီးမှုကြောင့် ကန်ဒေါ်လာ ၁၇၁ သန်း ဆုံးရှုံးမှုဖြစ်ပေါ်

ကွာလာလမ်ပူ မတ် ၁၁

မလေးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရင်းဂစ်သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၁၇၁ သန်း) ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မတ် ၁၁ ရက်တွင် ဖော်ပြသော  တရားဝင်အချက်အလက်များအရ သိရသည်။

အဆိုပါ ဆုံးရှုံးမှုပမာဏသည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု၏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းနှင့် ညီမျှမှုရှိကြောင်း  မလေးရှားစာရင်းအင်းဌာန (ဒီအိုအက်စ်အမ်) က ပြောသည်။ သို့သော်လည်း  ယင်းပမာဏသည် ဂျီဒီပီ ၀ ဒသမ  ၀၆ ရာခိုင်နှုန်းခန့်ရှိသော  ၂၀၂၂  ခုနှစ်က  ရင်းဂစ် ၁ ဘီလီယံနှင့် နှိုင်းယှဉ်လျှင် လျော့နည်းကြောင်း သိရသည်။

ဆင်ဟွာ