မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၂၉ ဦးထပ်မံတွေ့ရှိ

 

အောက်တိုဘာ ၃၁

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၂၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ထိုရောဂါကူးစက်ခံရသူပေါင်း ၄၉၀၀၀၅၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ခြောက်ဦးသည် ပြည်ပပြန်ကူးစက်မှုဖြစ်ပြီး ၃၁၂၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၆၄၆၆ ဦးရှိလာကြောင်း သတင်းဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါဖြစ်ပွားဆဲလူနာ ၃၁၃၆၅ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၆၆ ဦးရှိကြောင်းနှင့် အသက်ရှုအထောက်အကူပြု ကိရိယာ တပ်ဆင်ထားသူ ၃၉ ဦးရှိကြောင်း သိရသည်။

နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်၊ ၈၄ ဒသမ ၃ ရာခိုင်နှုန်း ကာကွယ်ဆေး အကြိမ်ပြည့်၊ ၄၉ ဒသမ ၈ ရာခိုင်နှုန်းသည် အပိုဆောင်း ကာကွယ်ဆေးတစ်ကြိမ်နှင့် ၁ ဒသမ ၆ ရာခိုင်နှုန်းသည် အပိုဆောင်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများဖြစ်သည်ဟု သတင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို