မိုင်းယောင်း၌ ကြက်ခြေနီအသင်းခွဲရုံးအတွက် ၂၄ နာရီလျှပ်စစ်မီး လှူဒါန်းသဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မိုင်းယောင်း   ဒီဇင်ဘာ   ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် လိုအပ်လျက်ရှိသော ၂၄ နာရီလျှပ်စစ်မီးကို မိုင်းယောင်း-မိုင်းယု ၂၄ နာရီ မီးလင်းရေး ကုမ္ပဏီ မှ တပ်ဆင်လှူဒါန်းခဲ့သဖြင့် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ယနေ့ နံနက်ပိုင်းတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရှေ့တန်းနေရာမှ စွမ်းစွမ်းတမံ ပါဝင်ပူးပေါင်းဆောင်ရွက်နေသည့်အပြင် ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာနေပြည်သူများအား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာခဲများ အခမဲ့ပေးဝေခြင်း၊ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း