မိုင်းပျဉ်း ဇွန် ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဇွန် ၁၃ ရက် နံနက်ပိုင်းက ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းခဲ့သည်။

 

ဦးစွာ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ဆောင်ရွက်ရာတွင် အထက−ခွဲ ကျောင်းသား ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနား ဖွင့်လှစ်ပြီး ကျောင်းကောင်စီ ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီ အမှုဆောင်အဖွဲ့နှင့် ကျောင်းသား ကျောင်းသူများအားလုံးက ကတိသစ္စာခံယူကြပြီး ကျောင်းကောင်စီ ဥက္ကဋ္ဌက တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ရာ အသင်းအလိုက် အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြသည်။ ထို့နောက် ကျောင်းကောင်စီ အမှုဆောင်အဖွဲ့နှင့် ကျောင်းသား ကျောင်းသူများအားလုံးက နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကြသည်။

 

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၂၆ ဦးရှိပြီး ဆရာ ဆရာမ ၁၈ ဦးက ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

နန်းသန္တာဦး(ပြန်/ဆက်)

mdn