မိုင်းပန်မြို့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီညှိနှိုင်း အစည်းအဝေးပြုလုပ်

မိုင်းပန်  ၁၈  ဒီဇင်ဘာ

 

မိုင်းပန်မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် မိုင်းပန်မြို့နယ် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ အမှာစကားပြောကြားခဲ့ပြီး တောင်ကြီးမြို့ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြူကြူဇော်က ကလေးသူငယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်နှင့် ကျေးရွာများအတွင်း ကြုံတွေ့နေရသည့် ကလေးများ၏ အခက်အခဲများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကိုဆန်း (မိုင်းပန်)