မိုင်းဖြတ် ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မိုင်းဖြတ်မြို့၊ မြန်မာ့စာတိုက်လုပ်ငန်း၌ ရုံးချိန် အတွင်း လာရောက်လျှာက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အောင် လက်မှတ်(၁)စောင်လျှင် ငွေကျပ် ၁၆၀၀၊ အမှတ်စာရင်း (၁)စောင်လျှင် ငွေကျပ် ၁၀၀၀ နှင့် အောင်လက်မှတ်နှင့် အမှတ်စာရင်း ၂စောင်ထုတ်ယူပါက ငွေကျပ် ၂၀၀၀ သာ ကျသင့်မှာဖြစ်သည်။ လာရောက်လျှောက်ထားရာတွင် (၁.၅လက်မ၊၂လက်မ)အရွယ် ဓာတ်ပုံ(၃)ပုံနှင့်အတူ ကျောင်းသား/ကျောင်းသူများ၏ အမည်၊ ခုံအမှတ်၊ အောင်မြင်သည့်ခုနှစ်၊ စာစစ်ဌာနအမည်၊ ဖြေဆိုခဲ့သည့်ဘာသာရပ်များအပြင် အခြားသတ်မှတ်ထားသည့် ဖောင်ပုံစံအတိုင်းဖြည့်စွက်ကာ လာရောက်လျှောက်ထားနိုင်ကြောင်း မိုင်းဖြတ်စာတိုက်မှ သိရသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံစာစစ်ဌာနက ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ယခင်နှစ်များကဲ့သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားထုတ်ယူခွင့်မပြုဘဲ ကမ္ဘာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယခုလိုမြန်မာ့စာတိုက်လုပ်ငန်းမှ စာတိုက်များတွင် ထုတ်ယူခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)


