မိုင်းဆတ်မြို့သို့ အောက်ဆီဂျင်ထုတ်စက် ရောက်ရှိ

mdn

မိုင်းဆတ်   အောက်တိုဘာ   ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ ဝယ်ယူထားသည့် အောက်ဆီဂျင်ထုတ်စက်မှာ မြို့နယ်ပြည်သူ့ ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ရောက်ရှိခလာပြီဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်ထုတ်စက် ဝယ်ယူနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်သိန်း ၅၅၀နှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် အမေရိကန်ဒေါ်လာ ၆၀၀၀၀ ခန့် တန်ဖိုးရှိ အောက်ဆီဂျင် ထုတ်စက်အား ဝယ်ယူခဲ့ပြီး တောင်ကြီးမြို့မှ မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ထားရှိကြောင်း သိရသည်။ 

အဆိုပါ အောက်ဆီဂျင်ထုတ်စက်သည် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၁၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အောက်ဆီဂျင်စက် စတင်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ထံမှ သိရသည်။ 

မြင့်မောင်(ပြန်/ဆက်)