မိုးကောင်း၊ ၁၃ ဒီဇင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေးနည်းပညာဖြင့် မိုးစပါးအပြီး ဆောင်းသီးနှံကုလားပဲများကို နန့်ခွင်ကျေးရွာရှိ တောင်သူနှစ်ဦး၏ လယ်ယာမြေများ၌ ဒီဇင်ဘာ ၁၂ ရက်က သီးထပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

တောင်သူများ ဝင်ငွေတိုးပွားရေး၊ သီးထပ်စွမ်းအားတိုးပွားရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရေဆင်း(၁၁)နှင့် ရေဆင်း(၈)အမျိုးအစား ကုလားပဲမျိုးစေ့များကို အတန်းလိုက်စနစ်ဖြင့် အသုံးပြုစိုက်ပျိုးပြီး ၎င်းစပါးစိုက်တောင်သူ (၂)ဦးရှိ လယ်(၁၀)ဧကခန့် စမ်းသပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

“သီးနှံစိုက်ပျိုးချိန်သက်တမ်းက ၃ လကျော်လောက် စိုက်ရပါတယ်။ ရရှိတဲ့သီးနှံတွေကို ဈေးကွက်နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာပါ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိန်လွင်က ပြောကြားသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)

 

mdn