မိတ္ထီလာ ၂၁ သြဂုတ်
မိတ္ထီလာမြို့ မြို့မရပ်ကွက် အတွင်းရှိ ရုပ်ရှင်ရုံလမ်းကြီးအား နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သည့် မြို့မရပ်ကွက် အတွင်းရှိ ရုပ်ရှင်ရုံလမ်းကြီးခင်းခြင်း လုပ်ငန်းကို သြဂုတ် ၁၆ ရက်မှ စတင်ကာ အရှည် ၄၃၀ ပေ အကျယ် ၃၆ ပေရှိ လမ်းအား စက်တင်ဘာလ ပထမပတ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ရုံလမ်း အဆင့်မြှင့်တင်ခြင်းအပြင် ကန်ပတ်လမ်းဖြစ်သည့် ဆုတောင်းပြည့် သာသနာ့ ဗိမာန်တော်ကြီးရှေ့ GEC လမ်းမ၊ ကန်လယ်တံတားထိပ်မှ စည်ပင်သာယာ ရိပ်သာအထိနှင့် စည်ပင်သာယာ ရိပ်သာဝန်းအတွင်းရှိ ရိပ်သာပတ်လမ်းတို့အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်း ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


