မြိတ်မြို့၌ မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်း

မြိတ်   ဒီဇင်ဘာ  

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ဒေသဝမ်းစာ ဖူလုံရေးအတွက် အထွက်တိုး မိုးစပါးများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ဒေသထွက် ဆန်စပါးလောက်ငှမှု ရှိမရှိသိရှိနိုင်ရန်နှင့် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးအေးလွင်၏ မျိုးသန့်မျိုးစေ့ထုတ် ဆင်းသုခမိုးစပါးစိုက်ခင်းတွင်  ဒီဇင်ဘာ ရက်က ရိတ်သိမ်း ချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့သည်။

 

 

မြိတ်မြို့နယ်မှာ(.၁၀) ဧကရှိတဲ့ စံကွက်အကြီး ၄၂ ကွက်၊ (.)ပေပတ်လည် စံကွက်အငယ်က အကွက် ၂၀၀ ရှိပါတယ်။ နိုဝင်ဘာ ပထမအပတ်က စံကွက် စတင်ရိတ်သိမ်းပြီး ဒီဇင်ဘာလအကုန်မှာ အပြီးရိတ်သိမ်းမှာဖြစ်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းမြတ်စိုး က ပြောပြသည်။

 

 

မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစံကွက်တွင် ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းရာ၌ မြိတ်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး  စံကွက်အထွက်နှုန်း တစ်ဧက ၁၁၅ တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ မြိတ်မြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ စပါးစိုက်ပျိုးသည့်ဧက စုစုပေါင်း ၄၂၆၉၃ ဧကရှိ၍  ပျမ်းမျှတစ်ဧက အထွက်နှုန်း အနေဖြင့် ယခင်နှစ် ၇၂ တင်းထွက်ရှိပြီး ယခုနှစ်တွင် အထွက်တိုးလာကြောင်း သိရသည်။

 

 

ခိုင်ထူး(ပြန်/ဆက်)