မြေငလျင်သတင်း

mdn

၂၈ ဇန်နဝါရီ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၂၆)မိနစ်၊ (၂၃) စက္ကန့်အချိန်တွင် မြစ်ကြီးနာမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၁၁၅)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ခန္တီးမြို့၏ မြောက်-အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၀၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၃)ဒီဂရီ၊ အနက်(၉၇)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန