မောင်တော ၂၈ စက်တင်ဘာ
မောင်တောမြို့နယ် (၃)မိုင် နှင့် မောရဝတီ ကျေးရွာရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခြင်း ကို စက်တင်ဘာ ၂၇ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဉီးစီးအရာရှိ ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့သည် မောင်တောမြို့နယ် (၃)မိုင်နှင့် မောရဝတီ ကျေးရွာရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှု မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိမရှိ ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေးတို့ကို ကွင်းဆင်း စစ်ဆေး အကြုံပြုခဲ့ကြသည်။
သက်လွင်စိုး(ပြန်/ဆက်)


