မြောင်းမြ   ၁၉  မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ယနေ့ နံနက် ၇ နာရီက COVID-19 ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

5

 

ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မဈေး၊ အခွန်လွတ်ဈေး၊ မြသာယာဈေး၊ အဝေးပြေးမော်တော်ယာဉ် ကားဂိတ်၊ လယ်ယာသုံးဈေး၊ သင်္ဘာဆိပ်နှင့် လူစည်ကားရာနေရာများတွင်  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးနည်းစနစ် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး  နှာခေါင်းစည်း (Mask) များ ပေးဝေခဲ့ကြသည်။

 

3

 

ထို့ပြင် COVID-19 ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ သံသယရှိသူကို တွေ့ရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများသို့ အမြန်ဆုံး ဆက်သွယ်သတင်း‌ပေးပို့ ကုသမှုခံယူကြရန် အသိပညာပေး ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)