မြောင်းမြမြို့နယ်တွင် (၁၃)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်လှစ်

မြောင်းမြ     ၃၁  ဒီဇင်ဘာ     

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်တွင် အလှူရှင် လှူဒါန်းမှုဖြင့်  (၁၃) ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကုက္ကိုစုကျေးရွာရှိ အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။

 

01

     

ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို ဧရာဝတီတိုင်းဒေသကြီး ၊လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊  မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ၊ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ၊ ဆေးခန်းအဆောက်အဦအလှူရှင် ကိုဝေလင်း+မနွယ်နွယ်ဆွေ၊ သား မောင်ကျော်ဇေယျာ လင်း ၊ မောင်ဝေဖြိုးကျော်မိသားစုတို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

9

 

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက် တာသန်းမင်းထွဋ် က မုဒိတာစကားများ ပြောကြားပြီး အလှူရှင်ကိုဝေလင်းက ဆေးခန်းအဆောက်အဦ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆေးခန်းအဆောက်အဦအလှူရှင်နှင့် မြေအလှူရှင်တို့အား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်သည်။

 

963

 

အဆိုပါ ကုက္ကိုစုကျေးရွာ ၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦသစ်မှာ  မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် ဦးဆောင်မှုဖြင့် ကျေးလက် ကျန်းမာရေးဌာန မရှိသော ၊ ဆေးကုသရန် ခက်ခဲသော၊ မြို့ဒေသနှင့်ဝေးလံခေါင်သော ၊ အရပ်ဒေသများအတွက် အလှူရှင်များမှ ဆောက်လုပ်ပေးသော (၁၃)ခုမြောက်  ဖွင့်လှစ်ပေးသည့် ဆေးခန်းဖြစ်ပြီး ပေ ၃၀× ပေ ၄၂ ၊ အုတ်တစ်ထပ်တိုက် ၊ကွန်ကရစ်ခင်းသွပ်မိုး ၊လူနာခုတင် ၊ သားဖွားခုတင်နှင့် ဆိုလာမီးစနစ် ၊ အဝီစိတွင်း ၊ ရေစက်ရုံ အပါအဝင် ကျပ်သိန်း (၂၀ဝ) ကျော် ကုန်ကျခံကာ  ကျေးလက်ဆေးပေးခန်း စံကိုက်အညီ ဆောက်လုပ် ထားခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)