မှော်ဘီ ဇွန် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲကို ဇွန် ၂၉ ရက် က မှော်ဘီမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ရှင်းလင်းဆွေးနွေး

 

ဦးစွာ မှော်ဘီမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာန မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးအောင်ခိုင်သန်းက တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကောက်ခံလျက်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းများ၊ ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ခြင်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသော အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။

 

ကောင်းမြတ်သူ(မှော်ဘီ)