မှော်ဘီ ဇွန် ၂၄

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ကျေးရွာမြေဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြောင်းတကာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းရာတွင် မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ အဖွဲ့ဝင် ဦးဝင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ထွန်း၊ စီမံကိန်းဦးစီးမှူး ဒေါ်ငုဝါကျော်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးထွန်းထွန်းဝင်းတို့က မြေယာစီမံခန့်ခွဲမှု စနစ်တကျရှိစေရန် ရည်ရွယ်၍ ကျေးရွာမြေဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကောင်းမြတ်သူ(မှော်ဘီ)