မြစ်သား၂၁  ဇွန်

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇွန် ၂၁ ရက်နံနက်ပိုင်းက စတင်၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

မြစ်သားမြို့နယ် တစ်မြို့နယ်လုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ (၂၃၀၀)ကျော်ရှိပြီး အဆိုပါ ပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask များတပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးခြင်းတို့ကို လိုက်နာဆောင်ရွက်စေခြင်းနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် အလှည့်ကျ စနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ အဆိုပါ ပင်စင်လစာများကို  ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ အများပြည်သူ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် () နာရီခွဲမှ ညနေ()နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင်လစာ လာရောက်ထုတ်ယူသူများ အနေဖြင့် အဆင်ပြေသည့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

 

မြမြမွန်(မြစ်သားပြန်/ဆက်)