မဲလ်ဘုန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာတဲ့အတွက် ညမထွက်ရအမိန့် ထုတ်ပြန်

၂ ဩဂုတ်

 

ဩစတြေးလျားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ ဒီနေ့ (တနင်္ဂနွေနေ့) က စပြီး နံနက် ၅ နာရီကနေ ည ၈ နာရီ အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။ ညမထွက်ရ အမိန့်ဟာ သီတင်း ခြောက်ပတ်ကြာမှာဖြစ်ကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန် ကူးစက်မှုကြောင့် လူပေါင်း ၇ ဦး သေဆုံးပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၆၇၁ ဦး တွေ့ရှိကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ  သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် မဲလ်ဘုန်းမြို့ခံတွေဟာ နေအိမ်မှ ၅ ကီလိုမီတာ အကွာအတွင်းသာ သွားလာခွင့်ရှိသော တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဩဂုတ် ၂ ရက်နေ့ကစပြီး ပြဌာန်းလိုက်ပါတယ်။

 

ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ် အန်ဒရူးစ်က ပြည်နယ်တစ်ခုလုံးကို စက်တင်ဘာ ၁၃ ရက်နေ့အထိ တားမြစ်အဆင့် ၄ အထိ တိုးမြှင့်လိုက်ကြောင်း ပြောပါတယ်။

 

မဲလ်ဘုန်းမြို့ခံတွေကို တစ်နေ့လျှင် လေးနာရီသာ လေ့ကျင့်ခန်း လုပ်ခွင့်ရှိခြင်း၊ နေအိမ်မှ သုံးမိုင်အကွာအထိသာ သွားလာခွင့်ရှိခြင်း၊ အရေးကြီးတဲ့ ပစ္စည်းဝယ်ယူရန် တစ်အိမ်ကို တစ်ယောက်သာ သွားခွင့်ရှိခြင်း၊ ကျောင်းတွေနဲ့ တက္ကသိုလ်တွေဟာလည်း အွန်လိုင်းကနေသာ သင်ယူခွင့်ရှိခြင်း စတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်လိုက်ပါတယ်။

 

လူဦးရေ ၂၅ သန်းနေထိုင်တဲ့ ဩစတြေးလျားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၈,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၂၀၈ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP