မာန်အောင်မြို့နယ်ရှိ ကျေးရွာသုသာန်ရှေ့ ကားလမ်းနံဘေးတွင် မိုင်း (၃) လုံး ပေါက်ကွဲ

မာန်အောင်  ၁၉   ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ငအင်းကျေးရွာသုသာန်ရှေ့ ကားလမ်းနံဘေး ဝဲ/ယာတွင် ယနေ့နံနက် (၆) နာရီခွဲခန့်က ဒေသန္တရမိုင်း (၃)လုံး ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မာန်အောင်မြို့ ငအင်းကျေးရွာအုပ်စု ငအင်းကျေးရွာ သုသာန်ရှေ့ရှိ ကားလမ်းနံဘေးတွင် မိုင်း (၁) လုံး၊ (၆) ပေခန့်အကွာတွင် ၎င်းနေရာကားလမ်း၏ တစ်ဖက်တွင် မိုင်း (၂) လုံး၊ ပေါင်း (၃) လုံး တစ်ချိန်တည်းခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

 

မာန်အောင် (ပြန်/ဆက်)