လူထုအ‌ခြေပြုဗဟိုဌာန၌ လူငယ်နဲ့လူမှုရေး စာအုပ်‌ဖြင်‌့ စာဖတ်ဝိုင်းပြုလုပ်

၂၃   သြဂုတ်  

ရန်ကုန်တိုင်‌း‌ဒေသကြီး ‌တောင်ပိုင်‌းခရိုင် သုံးခွမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း၊(Youth Club)၊ (Women Club) အသင်းတို့ ပူး‌ပေါင်‌းကျင်းပသော စာ‌ရေးဆရာ မောင်မင်းစိုး၏ "လူငယ်နဲ့လူမှုရေး"စာအုပ်ပါ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်‌းပြုလုပ်ရခြင်‌း၏ရည်ရွယ်ချင်အားပြောကြားပြီး စာဖတ်ဝိုင်‌းကို ဦး‌ဆောင်‌‌ဆွေး‌နွေးသူအဖြစ်Youth clubအဖွဲ့ဝင် မောင်စွမ်းပြည့်စုံ၊ ဒေါ်မေသူအောင်၊ မဝါဝါစိုးတို့က စာရေးဆရာ မောင်မင်းစိုး၏ ''လူငယ်နဲ့လူမှုရေး"စာအုပ်ပါ အ‌ကြောင်‌းအရာများကို ရှင်‌းလင်‌း‌ပြောကြားရာတွင်စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် "လူမူရေးဆိုင်ရာ အသိဗဟုသုတများ၊ "အယုံလွယ်ခြင်း"၊ အသိစိတ်ဓာတ်" စသည့် စိတ်ဝင်စားစရာ အ‌ကြောင်‌းအရာများ အကြောင်းကို အကျယ်တဝင့် ဆွေး‌နွေးခဲ့ကြသည်။ 

ထို့‌နောက် စာဖတ်ဝိုင်‌းသို့ တက်‌‌ရောက်လာကြသည်‌့ စာအုပ်စာ‌စောင်ချစ်‌မြတ်နိုးသူများနှင်‌့ ကျောင်‌းသား/ကျောင်းသူ‌လေးများက "လူငယ်နဲ့လူမှုရေး" စာအုပ်တွင်ပါရှိသည်‌့ အ‌ကြောင်‌းအရာများကို အပြန်အလှန် ဆွေး‌နွေးခဲ့ကြ‌ကြောင်‌း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN