လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) Cyber Security Quiz နှင့် Cyber Incident Drill ဖြေဆိုရာတွင် ဆုရှိသူများအား ဆုများပေးအပ်

မကွေး  ၁၆   ဒီဇင်ဘာ 

မကွေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)၏ တတိယနေ့တွင် IT ဆိုင်ရာလှုပ်ရှားမှု၌ ပါဝင်သည့် Cyber Security Quiz ကို ပွဲတော်ကျင်းပပြုလုပ်သည့် သုံးရက်အတွင်း အမှတ်အများဆုံး ရရှိသူများအား ယနေ့ ညနေပိုင်းတွင် နှစ်ထပ်ဆောင်ရှိ IT နည်းပညာဆိုင်ရာ လှုပ်ရှားမှု ဆပ်ကော်မတီ၏ ပြခန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

Cyber Security Quiz တက္ကသိုလ်အဆင့်တွင် မမျိုးသန္တာဉီး၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)က ပထမဆုကို လည်းကောင်း၊ မောင်လွင်မိုးဟိန်း၊ ကွန်ပျူတာတက္ကသိုလ် ပခုက္ကူက ဒုတိယဆုကိုလည်းကောင်း၊ မောင်နေလင်းအောင်၊ ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)က တတိယဆုကိုလည်းကောင်း၊ Cyber Security Quiz အခြေခံပညာအဆင့်၌ မောင်ကောင်းဆက်သော်၊ အ.ထ.က(၃)မကွေး က ပထမဆုကို လည်းကောင်း၊ မောင်မင်းသူကျော်ခိုင်၊ အ.ထ.က(၄)မကွေးက ဒုတိယဆုကိုလည်းကောင်း၊ မောင်ဘုန်းမြတ်ကို၊ ဉယျာဉ်မှူး(မကွေး)က တတိယဆုကိုလည်းကောင်း၊ Cyber Incident Drill ဖြေဆိုရာတွင် Winner ဆု ရရှိခဲ့သည့် မောင်အောင်ကျော်ဇော၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)က လည်းကောင်း ဆုများအသီးသီး ရရှိခဲ့ရာ IT နည်းပညာဆိုင်ရာ လှုပ်ရှားမှု ဆပ်ကော်မတီမှ ဉီးကျော်စိုးနိုင်က ဆုရရှိသူများကို ဆုဖလားများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

a

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပပြုလုပ်သည့် သုံးရက်အတွင်း Cyber Security Quiz နှင့် Cyber Incident Drill ဖြေဆိုသူပေါင်း(၁၂၀ဝ)ကျော်ရှိပြီး ဖြေဆိုသူများအား Certificate များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်း များလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းဟန်ဇေ