နေပြည်တော်၊ အောက်တိုဘာ ၄

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် ARCFOX အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ၊ N.P.K Motors Co., Ltd. မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် MG MG4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Premier Automotive Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Zeerk X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်