H1N1 ကြောင့် သေဆုံးရသူအများစုမှာ နာတာရှည်ရောဂါခံစားနေရသူများဖြစ်
မကွေး ၁၈ ဇူလိုင်
ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူများထဲတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် နှလုံး၊ သွေးတိုး၊ ဆီချို စသည့် နာတာရှည်ရောဂါခံစားနေရသူများ ပါဝင်နေပြီး သေဆုံးသူအများစုမှာ နာတာရှည်ရောဂါ ခံစားနေရသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။