Latest News

နောက်ဆုံးရသတင်းများ

အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေး ဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပြည်တွင်း

24/08/23

နေပြည်တော် ဩဂုတ် ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်း သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၊ Hotel Mulia Senayan ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ပြည်တွင်း

24/08/23

နေပြည်တော် ဩဂုတ် ၂၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) စီမံကိန်းအရ “မြန်မာနိုင်ငံရှိ အသေးစားချေးငွေလုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်များဖြစ်ပေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီနှင့်ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

မှုခင်း

24/08/23

နေပြည်တော် သြဂုတ် ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။