Latest News
နောက်ဆုံးရသတင်းများ
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် - ၄၃ သင်တန်းဖွင့်လှစ်
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) (Diploma In Accountancy - DA) အမှတ်စဉ်- ၄၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၌ ကျင်းပသည်။
တပ်ကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့တွင် ဒုတိယနေ့အဖြစ် တပ်ကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နဝမအကြိမ် မိတ်ဆုံနေ့လယ်စာစားပွဲကျင်းပ
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်) ဆုပေးပွဲကျင်းပ
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒ ရှင်းလင်းဆွေးနွေးပွဲနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ(တက္ကသိုလ်အဆင့်) ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Industrial and Commercial Bank of China(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ် ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ်(Cross-Border Interbank Payment System - CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကျင်းပ
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
Industrial and Commercial Bank of China(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ်(Cross-Border Interbank Payment System - CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊ Crystal Tower ရှိ ICBC Center ၌ ကျင်းပသည်။
“ဦးစီးတာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ
01/11/23
နေပြည်တော် နိုဝင်ဘာ ၁
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ဦးစီးတာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး ဟောပြောပွဲကို ယနေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပသည်။