Latest News

နောက်ဆုံးရသတင်းများ

သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပြည်တွင်း

12/02/19

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအား လုံးတော်ပြည့် ရွေွှသင်္ကန်းရောင်တော်ပွင့် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ပြည်တွင်း

12/02/19

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြုပြင်ရန်လိုအပ်လျက်ရှိသည့် ဘုရားစေတီပုထိုးများအား အဆင်ပြေစွာ ပြုပြင်မွမ်းမံ ပြင်ဆင်သွားနိုင်ရန် ရည်ရွယ်၍ ယခုလ ပထမပတ်က ပုဂံမြို့မှ ပရဟိတအဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်း သြစတြေးလျခရီးစဉ် ပထမဆုံးခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရ

အားကစား

12/02/19

၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သြစတြေးလျနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည်

စစ်ကိုင်းမြို့ ဇိနမာရ်အောင် လောကချမ်းသာ၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘဲဥထုပွဲတော်ကို ကျင်းပသွားမည်

ယဉ်ကျေးမှုနှင့် ခရီးသွား

12/02/19

စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်အတွင်းရှိ  ဇိနမာရ်အောင် လောကချမ်းသာ (ကြေးဘုရားကြီး)၏ ဗုဒ္ဓပူဇနိယပွဲတော်၌ ရိုးရာအစဉ်အလာမပြတ် ထည့်သွင်းကျင်းပလာသည့်

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မှုခင်း

12/02/19

ပုလောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဆီတောင်လမ်း၊ ရာဘာခြံအတွင်းရှိ မျိုးဦး၏ နေအိမ်တဲကိုရှာဖွေရာ သက်လွင်ထွန်း (ခ) ဒီလုံး၊ ဇင်ကိုထွေး (ခ) အိုကေနှင့် ဟေမာန်ဦး (ခ) ဝေယံတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၊ တူမီးသေနတ် ၁ လက်၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ ပူးပေါင်းကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဈေးပွဲတော်ကျင်းပ

ပြည်တွင်း

12/02/19

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ပြည်ထောင်စုနေ့ ဈေးပွဲတော်ကို ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည်ဂါးဒင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော် တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပြည်တွင်း

12/02/19

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး မော်တင်စွန်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိ်ုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂၀ ရက်အထိ တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ် အောင်တော်မူဘုရားကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်

ပြည်တွင်း

12/02/19

သီရိလင်္ကာနိုင်ငံရှိ မြတ်ဗုဒ္ဓလက်ဝဲဘက် စွယ်တော်အစစ်ထံမှ ရင်ငွေ့လှုံပွား မြတ်စွယ်တော်ပွားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအား လက်ခံတွေ့ဆုံ

ပြည်တွင်း

12/02/19

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများက ယနေ့ မွန်းလွဲ ၁ နာရီတွင်  ပြည်ထောင်စု၀န်ကြီး၏ နေအိမ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။ 

အဖတ်များဆုံး သတင်း